ဒီကနေ့ (၂၇.၂.၂၀၂၅)နေ့ Grade 5,9 ကလေးများရဲ့ နောက်ဆုံးဘာသာဖြေဆိုကြသောနေ့ အားလပ်ရက်ရတော့မှာမို့ ကြိုတင်ပျော်ချိန် ဖြေဆိုရဖို့ ရင်ခုန်နေချိန်လေးကို အမိအရ မှတ်တမ်းတင်ထားခြင်းလေးပါရှင်။ အစိုးရစစ် စာမေးပွဲကို Rules and regulations နှင့်အညီ မိမိတတ်စွမ်းသမျှ ကိုယ်စီကြိုးစားအားထုတ်ပြီး ဖြေဆိုခဲ့ကြတာလေးကို ကြည်နူးစွာတွေ့ရပါတယ်ရှင်။ How lovely they are! Love you all💪❣ စာမေးပွဲဖြေပြီး ပြန်အလာ ကျောင်းအုပ်ဆရာမကြီးမှ အမောပြေ ဖရဲသီးများ ခွဲစိတ်ကျွေးခဲ့ပါတယ်ရှင်။ အဖက်ဖက်မှ ကူညီပံ့ပိုးပေးကြပါသော မိဘအုပ်ထိန်းသူများ၊ ဆရာ/မများနှင့် အထောက်အကူပြုဝန်ထမ်းများကို ကျောင်းသား/သူများနှင့်အတူ 𝗕𝗿𝗶𝗴𝗵𝘁 𝗦𝘁𝗮𝗿𝘀 ကိုယ်ပိုင်အထက်တန်းကျောင်းကြီးမှ အထူးပင် ကျေးဇူးတင်ရှိပါသည်ရှင်။